Sunday, July 29, 2012

Introduction

ဖုန်းလေးတွေ လူတိုင်းကိုင်နိုင်လာပြီ။  ဖုန်းနဲ့ပတ်သက်ပြီးတော့ ဆိုရင် ဖုန်းခေါ်တာလောက်တာ သိတဲ့ ကျနော်တို့တွေ မဟုတ်ကြတော့ဘူး။ အခုဆိုရင် ဖုန်းဈေးနှုန်းလေးတွေကလည်း သင့်တင့်လာတော့ တော်တော်များများ smart phone လေးတွေ ကိုင်ဆောင်လာကြတာပေါ့။ ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်တယ်။ ဖုန်းနဲ့ သီချင်းနားထောင်တယ်။ ပြီးတော့ ဂိမ်းလေးတွေ ဆော့ကြတယ်။

ဒါပေမယ့် ဖုန်းနဲ့ပတ်သက်ပြီးတော့ တော်တော်များများကတော့ သိပ်အကျွမ်းတ၀င်မရှိကြသေးဘူးဗျ.။ ဒါကလည်း အားလုံးကို မဆိုလိုပါဘူးဗျာ။ ကျနော်ဆိုလည်း အရင်တုန်းကတော့ ဖုန်းတောင်ကိုင်နိုင်တဲ့ကောင်မဟုတ်ပါဘူး။ အခုလိုမျိုး ဆင်းကဒ်က နှစ်သိန်းဖြစ်သွားမှ ဖုန်းကိုင်နိုင်တဲ့ကောင်ပါ။

ဟန်းဆက်ကတော့ အစကတည်းက ကောင်းတာလိုချင်ခဲ့တာဆိုတော့ ရှိတာလေး ခြစ်ကုတ်ပြီးတော့ sony Xperia Arc (Lt15i) ဆိုတဲ့ ဖုန်းလေး ၀ယ်ခဲ့ပါတယ်။ ကျနော်ဝယ်တုန်းက 290,000 ပေးရပါတယ်။ အခုဆိုရင်တော့ Xperia Arc S တောင်မှ 240,000 လောက်ရှိတော့တာပါ။

ဘာပဲဖြစ်ဖြစ် အခု ကျနော်ဖုန်းလေးကို ကလိခဲ့တာတွေ ကျနော်သိတာလေးတွေကို မှတ်စုသဖွယ်ပြုစုဖို့အတွက် ဒီဘလော့လေးကို ဖန်တီးခဲ့ပါတယ်။ ကျနော် လေ့လာခဲ့တဲ့ မူရင်းဝက်ဆိုက်ကတော့  http://www.myanmarmobileapp.com/  ဆိုတဲ့ ဆိုက်လေးဖြစ်ပါတယ်။ http://www.facebook.com/groups/mmua.mobile/ ဆိုတဲ့ ဖေ့ဘွတ်ဂရုလေးကို ၀င်ရောက်မေးမြန်း ရင်းနဲ့ သိလာတာတွေပါပဲ။

ဘာပဲဖြစ်ဖြစ်ပါ။ ကျနော် မှတ်စုရေးတာပါ။ ကျနော်က ပညာရှင်မဟုတ်ပါဘူးခင်ဗျာ။

0 comments:

Post a Comment