Showing posts with label application. Show all posts
Showing posts with label application. Show all posts

Thursday, August 9, 2012

AndroVid Pro Video Editor v1.1.1 APK (video edit လုပ်ရန်)


ဒီ application လေးက ကျနော်တို့ ဖုန်းတွေမှာ video edit လေး လုပ်ဖို့အတွက်ဖြစ်ပါတယ်။
သူ့ရဲ့ feature တွေကတော့


1.Trim your videos and produce clips.
2.Split your video files into two separate video clips
3.Grab video frames
4.Convert your video files to audio formats (MP3, M4A, WAV, WMA, ASF, FLAC)
5.Convert your video to other video formats ( AVI, FLV, MP4, MPEG-2, VOB (Dvd format))
6.Set video frames as wallpaper 
7.Share your video clips and grabbed video images. Upload your videos to facebook, youtube etc. 
8.Play video clips
9.Sort your videos by their name, size, duration and date
10.Rename/Delete videos on your phone

ကဲဗျာ.. ကျနော် share လိုက်ပါတယ်ဗျာ..။ ဒေါင်းလုပ်လုပ်ပြီး install လုပ်ပြီးတော့သာ စမ်းကြည့်ပါဗျာ..။
(နောက်မှ ကျနော် direct link လေး ပြန်တင်ပေးပါ့မယ်)



IM+ Pro V 6.3.2


ဒီ application လေးက ကျနော်တို့ ဂျီတော့လ်၊ ဖေ့ဘွတ်တို့ကို ဖုန်းမှာ ချက်တင်ထိုင်ဖို့အတွက် သုံးတာ..။

Pro Vesion လေး updated လေး တင်လိုက်ပါတယ်။ 

လိုချင်သူများအတွက်ပါ.။

Tuesday, August 7, 2012

12:09 PM - No comments

Big Caller ID pro with Lincence


ကဲ Big Caller ID ဆိုတာ ဖုန်းရဲ့ Screen မျက်နှာပြင် အပြည့်ဓာတ်ပုံပေါ်စေတာပါ။ ဘယ်အချိန်မှာ ပေါ်တာလဲဆိုတော့ ဖုန်းဝင်တဲ့အခါ ၊ ကိုယ်က ဖုန်းခေါ်တဲ့အခါတွေမှာပေါ့။ ဒီ app လေး ကို သုံးချင်တဲ့ သူတွေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

ပထမ ဒီ application က pro မဟုတ်ရင် contact ငါးဦးကို ပဲ ပြောင်းလဲခွင့်ရရှိမှာဖြစ်ပါတယ်။ အခု ဒေါင်းလို့ရတဲ့ zip ဖိုင်က applicationနှစ်ခုစလုံး ကို အင်စတောလုပ်ပါ.။ Lincence ဖိုင်ကို ကလစ်လိုက်ပါ။ ဒါဆိုရင်တော့ Full version ဖြစ်သွားပါပြီ..။

12:02 PM - No comments

Tiny FlashLight (ဖုန်းကို ဓာတ်မီးအဖြစ်သုံးမယ်)


ကဲ ဖုန်းတစ်လုံးဝယ်ထားပြီ ဆိုမှတော့ သူ့ကို ဘာတွေသုံးလို့ရလဲ ။ function အပြည့်အ၀ သုံးတာသဘာဝ ကျပါတယ်ဗျာ.။ ည မီးပျက်သွားတဲ့အခါ မျိုးမှာ ကိုယ်နဲ့မခွာထားတဲ့ ဖုန်းလေးကို ဓာတ်မီးအဖြစ် အသုံးချစရာ အဖြစ် သုံးလို့ရပါတယ်.။။

ဖုန်းတစ်ချို့ မှာ ကင်မရာ flash မီးလေး မပါပါဘူးခင်ဗျာ..။ ဒါပေမယ့် screen light အနေနဲ့သုံးလို့ရပါတယ်။
ကဲ ဖုန်းကို ဓာတ်မီး သုံးချင်ရင် ဒီ application လေးကိုသာ ဒေါင်းလုပ်ရယူလိုက်ပါ။

11:45 AM - No comments

ilighter-andriod ( မီးခြစ်ကလေး)


ဒီ application လေးကတော့ ဘာအတွက်မှ မဟုတ်ပါဘူး။ ဖုန်းမှာ အပျင်းပြေ ကလိစရာလေး တစ်ခု ထည့်စရာလေးပေါ့။
မီးခြစ်ကလေးပါ။ ဒေါင်းလုပ်လုပ်ပြီးသား ခြစ်ကြည့်လိုက်ကြစမ်းပါဗျာ..။ ခြစ်လို့ကောင်းပါတယ်ဗျာ..။ တကယ့် မီးခြစ်အတိုင်းပဲနော်..။ ဟဲ မီးတော့ ညှိလို့ရ၀ူး..။

11:16 AM - No comments

ProXimity Talk

 


 

ဒါလေးက ဘာလေးလဲဆိုတော့ ဖုန်းလာလို့ ရှိရင် နား နားကို ကပ်လိုက်ရင် အလိုအလျောက် answer ဖြစ်သွားအောင် လုပ်ပေးတဲ့ software ပါ..။ နားအနီးနားကနေခွါလိုက်တဲ့ အခါ auto Speaker ဖြစ်သွားစေမှာဖြစ်ပါတယ်။

ဒီ application လေးက ဖုန်းရဲ့ ထိပ်နားမှာ ပါဝင်တဲ့ light sensor ကို အခြေခံတာပါ..။ သူက ဖုန်းကို နား အနီးနားသို့ ကပ်လိုက်တဲ့အခါ auto screen off ပေးတာပါ..။ အဲဒီ sensor က ဖုန်းတော်တော်များများမှာပါပါတယ်။ 

ဒီတော့ ဖုန်းလေး ၀င်လာတာနဲ့ နား အနီးနားကပ်လိုက်တာနဲ့ စကားပြောရုံပဲပေါ့။ သဘောကျမှာပါ..။ လိုင်စင်ဗားရှင်း လေးပါ။ သုံးရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်ဗျာ..။

Xperia S Clock widget

ဒါကတော့ clock widget လေးတွေ နှစ်သက်သူတွေ အတွက်ပါ..။ သူက Sony Xperia S မှာ default ပါတဲ့ widget ပါပဲ..။
ကျနော့်အထင်တော့ အရိုးရှင်းဆုံးဟာ အလှပဆုံးပါပဲ..။ ဒါကြောင့် ကိုယ့်ဖုန်းရဲ့ home Screen မှာ နာရီလေးကို ရိုးရှင်းစွာ တင်ထားချင်တယ်ဆိုရင်တော့ ဒီ widget လေးက အသင့်တော်ဆုံးပါပဲ..။
စကားချပ်.။   ။ widget application တွေဟာ.. SD card မှာ အလုပ်မလုပ်ပါ.။ internal storage မှာပဲ အလုပ်လုပ်ပါတယ်။

ဒီနာရီ widget လေးကတော့ ဆိုက်သေးသေးလေးပါ..။ 150 KB ပဲရှိပါတယ်။

Sound Best Player




ကဲ အခုကတော့ ကျနော် သုံးနေတဲ့ music player လေး share ချင်လို့ပါ.။ 
ကျနော် သုံးတဲ့ sony ဖုန်းက မူလ player လည်း တော်တော်လေး ကောင်းပါတယ်။ ဒါပေမယု့် 
သီချင်းတွေကို sd ကဒ်ထဲမှာ ကိုယ်ထည့်ထားတဲ့ ဖိုဒါတွေအလိုက် ဖွင့်လို့မရတာလေး တစ်ခုပါပဲ။ ကျန်တာတော့
ကျနော့်ကို တခြား player ကို သုံးဖို့ကို မလိုအပ်တော့ပါဘူးး။ 

ကဲ အခု Sound Best Player မှာ ကျနော် ကြိုက်တဲ့ feature ကတော့ ကိုယ်ထည့်ထားတဲ့ folder အလိုက်သီချင်းဖွင့်လို့ရတာပါ.။ ဒါပဲလား။ မဟုတ်ပါဘူး။ သူရဲ့ equalizer setting လေးက စိတ်ဝင်စားစရာပါပဲ..။

ပထမဆုံး application လေးကို အင်စတောလုပ်ပါ..။ sd ကဒ်မှာ မလုပ်ပါနဲ့..။ internal memory မှာပဲ install လုပ်ပါ။ ဘာလို့လဲဆိုတော့ sd ကဒ်မှာ install လုပ်ထားရင် home screen မှာwidget ကို support လုပ်မှာ မဟုတ်ပါဘူး။
အင်စတောလုပ်ပြီးသွားရင် သူက ကိုယ်သုံးမယ့် device အလိုက် equalizer ချိန်ညှိပေးပါတယ်။Earphone ကို ဖုန်းမှာ တပ်ပါ..။အဆင့် (၁) ၊ (၃) သုံး အလိုက်သွားပြီးတဲ့အခါ နောက်ဆုံး setting ကတော့ သူက အသံလေးတွေ ကို နားထောင်စေပါတယ်။ ကိုယ်က ကြားရင် Ok ကို ကလစ်ပေးရတာပါ..။ သေချာနားထောင်ပြီးတော့ လုပ်ပါ..။ ပြီးသွားတဲ့အခါ သူ့ရဲ့ preview သံစဉ်လေးကို နားထောင်ကြည့်ပါ..။ သဘောကျလိမ့်မယ်လို့ အာမခံပါတယ်။

Monday, August 6, 2012

Black market Alpha

 


မိမိ အလိုရှိသော application & Game များကို လွယ်ကူလျင်မြန်စွာ ရယူဖို့အတွက်..

ဖုန်းတွေ မှာ market ဆော့လ်ဝဲလေး လိုအပ်ပါတယ်။

ဒီ ဘလက် market ဆိုတာ မှောင်ခိုလို့ပဲ ပြောရမယ်ပေါ့။ တစ်ချို့ pro , Full version တွေ ကိုတောင် သူက free download ရယူခွင့်ပေးထားလို့ပါပဲ..။

ဒီတော့ ကိုယ်သုံးနေတဲ့ဆော့လ်ဝဲတွေကို Update လုပ်ဖို့ပဲဖြစ်ဖြစ် google play က ဒေါင်းလုပ်လုပ်လို့မရတဲ့ application လေးတွေ ဖြစ်ဖြစ် ဒေါင်းလုပ်ရယူချင်တယ်ဆိုရင်တော့ ဒီ application လေးကို ဒေါင်းလုပ်ရယူလိုက်ပါ။