Tuesday, August 7, 2012

Sound Best Player




ကဲ အခုကတော့ ကျနော် သုံးနေတဲ့ music player လေး share ချင်လို့ပါ.။ 
ကျနော် သုံးတဲ့ sony ဖုန်းက မူလ player လည်း တော်တော်လေး ကောင်းပါတယ်။ ဒါပေမယု့် 
သီချင်းတွေကို sd ကဒ်ထဲမှာ ကိုယ်ထည့်ထားတဲ့ ဖိုဒါတွေအလိုက် ဖွင့်လို့မရတာလေး တစ်ခုပါပဲ။ ကျန်တာတော့
ကျနော့်ကို တခြား player ကို သုံးဖို့ကို မလိုအပ်တော့ပါဘူးး။ 

ကဲ အခု Sound Best Player မှာ ကျနော် ကြိုက်တဲ့ feature ကတော့ ကိုယ်ထည့်ထားတဲ့ folder အလိုက်သီချင်းဖွင့်လို့ရတာပါ.။ ဒါပဲလား။ မဟုတ်ပါဘူး။ သူရဲ့ equalizer setting လေးက စိတ်ဝင်စားစရာပါပဲ..။

ပထမဆုံး application လေးကို အင်စတောလုပ်ပါ..။ sd ကဒ်မှာ မလုပ်ပါနဲ့..။ internal memory မှာပဲ install လုပ်ပါ။ ဘာလို့လဲဆိုတော့ sd ကဒ်မှာ install လုပ်ထားရင် home screen မှာwidget ကို support လုပ်မှာ မဟုတ်ပါဘူး။
အင်စတောလုပ်ပြီးသွားရင် သူက ကိုယ်သုံးမယ့် device အလိုက် equalizer ချိန်ညှိပေးပါတယ်။Earphone ကို ဖုန်းမှာ တပ်ပါ..။အဆင့် (၁) ၊ (၃) သုံး အလိုက်သွားပြီးတဲ့အခါ နောက်ဆုံး setting ကတော့ သူက အသံလေးတွေ ကို နားထောင်စေပါတယ်။ ကိုယ်က ကြားရင် Ok ကို ကလစ်ပေးရတာပါ..။ သေချာနားထောင်ပြီးတော့ လုပ်ပါ..။ ပြီးသွားတဲ့အခါ သူ့ရဲ့ preview သံစဉ်လေးကို နားထောင်ကြည့်ပါ..။ သဘောကျလိမ့်မယ်လို့ အာမခံပါတယ်။

0 comments:

Post a Comment